သတင်းများ

ရွှေတောင်မြို့နယ်တွင် ၂၀၂၂ ခုနှစ် မြန်မာ့ရိုးရာ  မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ( ဒုတိယ ) အကြိမ် ညှိနှိုင်းဆွေးနွေး
Apr 05,2022
ပဲခူးတိုင်းဒေသကြီး  ပြည်ခရိုင်  ရွှေတောင်မြို့နယ်တွင်၂၀၂၂ခုနှစ်မြန်မာ့ရိုးရာမဟာ သင်္ကြန်ပွဲတော် ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာရေးဆရာ ကျော်ကျော်လှိုင်ရေးသားသည့် "တန်ဖိုးရှိသောနေ့ " စာအုပ်အား စာဖတ်ဝိုင်းကျင်းပ ပြုလုပ်
Apr 05,2022
ရန်ကုန်ကိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centreတွင် စာပေချစ်သူများ အချင်းချင်းဝိုင်းဖွဲ့ ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏ အတွေးအခေါ် အသိအမြင် များအား မျှဝေတတ်စေရန်ရည်ရွယ်၍ ယနေ့နံနက် (၉)နာရီအချိန်ကစာရေးဆရာ ကျော်ကျော်လှိုင် ရေးသားသည့် "တန်ဖိုးရှိသောနေ့ " စာအုပ်အား စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
ဟိုပန်၌ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး Booster Dose ထိုးနှံပေး
Apr 05,2022
"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်  ရုံးကုန်းရပ်ကွက်ရှိ မိခင်နှင့်ကလေး ကျန်းမာရေးဌာန ၌ ယနေ့နံနက် ၁၀ နာရီအချိန်က အသက်(၁၈)နှစ်အထက် ပြည်သူများအား ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး Booster Dose ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကဝမြို့၌ မိုးသက်လေပြင်းတိုက်ခတ်၍ ပြိုကျပျက်စီးသွားသော လေဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်
Apr 05,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ ကံတော်ကျေးရွာတွင် ဧပြီလ(၃)ရက်နေ့က မိုးသက်လေပြင်းတိုက်ခတ်၍ ပြိုကျပျက်စီးသွားသော လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲကို ယနေ့နံနက် (၁၀:၃၀)အချိန် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်ရုံး၊ လူထုအ‌ခြေပြုဗဟိုဌာန၊ Community Centre တွင် အခြေခံ ရှေးဦးသူနာပြုသင်တန်းဖွင့်လှစ်
Apr 05,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရုံး၊လူထုအခြေပြုဗဟိုဌာန Community centre တွင် နွေရာသီကျောင်းပိတ်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ အချိန်အလဟသမဖြစ်စေရန်၊ စာကြည့်တိုက်သို့ လာရောက်၍စာဖတ်လာစေရန်၊ သင်တန်းမှ ရရှိသော အသိပညာဗဟုသုတများကို လိုအပ်လာလျှင် ပြန်လည်အသုံးချနိုင်ရန် ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီ အချိန်ကအခြေခံရှေးဦးသူနာပြု သင်တန်းဖွင့်လှစ်ခဲ့ပါသည်။
အုတ်တွင်းမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး ဆွေးနွေးပွဲများ ကွင်းဆင်း ဆောင်ရွက်
Apr 05,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး ဆွေးနွေးပွဲကို ယနေ့မွန်းတည့် ၁၂ နာရီအချိန် က သရက်ပင်မောင်နှမကျေးရွာအုပ်စု၊ ရေလျှံကျေးရွာ ဘုန်းတော်ကြီးကျောင်းဝန်း၌ ကျေးရွာတောင်သူများနှင့် တွေ့ဆုံကာ အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သိန္နီမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre တွင် မီးဘေးအန္တရာယ်အသိပညာပေး ဆွေးနွေးပွဲ(Talk Show)  ကျင်းပ
Apr 05,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပြီး မီးဘေးအန္တရာယ်အသိပညာပေးဆိုင်ရာ ဆွေးနွေးပွဲ (Talk Show)ကို ယနေ့ မွန်းလွဲ(၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပကြောင်း သိရသည်။
ပုဇွန်တောင်မြို့နယ်၌ ၂၀၂၂ ခုနှစ်တက္ကသိုလ်၀င်ခွင့်စာမေးပွဲ ရူပဗေဒဘာသာရပ်အား ဆက်လက်ဖြေဆို
Apr 05,2022
ရန်ကုန်တိုင်းဒေသကြီး၊ရန်ကုန်အရှေ့ပိုင်းခရိုင်၊ပုဇွန် တောင်မြို့နယ် အ.ထ.က( ၂)ကျောင်းတွင် ၂၀၂၂ခု နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ရူပ ဗေဒဘာသာရပ်အား ယနေ့နံနက်( ၉)နာရီမှ (၁၂)နာရီ ထိ ဖြေဆိုနေပြီဖြစ်ကြောင်း သိရသည်။