ကျုံပျော်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသူ (၁)သိန်း(၄)သောင်းကျော်ရှိပြီး၊ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျှက်ရှိ

ကျုံပျော် ဧပြီ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးများ ထိုးနှံပေးလျှက်ရှိရာ ဧပြီ ၄ ရက်နေ့အထိ ကာကွယ်ဆေးထိုးနှံပြီးသူဦးရေ (၁) သိန်း(၄)သောင်းကျော်ရှိပြီး၊  သတ်မှတ်ဆေးထိုးစုရပ်များ၌ ကာကွယ်ဆေးများလည်း ဆက်လက် ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။

ကျုံပျော်မြို့နယ်တွင် လက်ရှိ အသက်(၁၈)နှစ်နှင့်အထက် ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူ (၁၇၅၁၀၂) ဦးရှိပြီး၊ မတ်လမှ စတင်၍ ဦးတည်အုပ်စုအလိုက် ထိုးနှံပေးလျှက်ရှိရာ (၁၄၆,၁၉၆)ဦး ကာကွယ်ဆေးထိုးနှံပြီး ဖြစ်ကြောင်း၊ ဆေးထိုးနှံရန် ကျန်ရှိသူများအား သင်္ကြန်ကာလမတိုင်မီ ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ဆေးထိုးကြီးကြပ်အဖွဲ့(၁၅)ဖွဲ့ဖြင့် စနစ်တကျ စီမံဆောင်ရွက်လျှက်ရှိကြောင်း၊ ဆေးထိုးလာရောက်သူများ အဆင်ပြေစေရေး အတွက် ပရဟိတအဖွဲ့များနှင့် ဆေးထိုးကြီးကြပ်အဖွဲ့များက  ကူညီဆောင်ရွက် ပေးလျှက် ရှိကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)