လှိုင်မြို့နယ်တွင် နွေရာသီအခြေခံအေရိုးဗစ်သင်တန်း ဒုတိယနေ့ဆက်လက်ကျင်းပ

လှိုင် ဧပြီ ၅

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ နွေရာသီအခြေခံ အေရိုးဗစ်သင်တန်းကို မြို့နယ် (Community Centre )ခန်းမ၌ ဖွင့်လှစ်လျက် ရှိကြောင်းသိရသည်။

ဆက်လက်၍ ကျောင်းသား/ သူလေးများက ​အေရိုးဗစ်လေ့ကျင့်ခန်းများကို မြို့နယ်အားကစားနည်းပြမှ သင်ကြားပြသပေးခဲ့ကြောင်း သိရသည်။ နွေရာသီအခြေခံအေရိုးဗစ်သင်တန်းကို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာန (Community Centre)ခန်းမတွင် (၆.၄.၂၀၂၂)ရက်နေ့အထိ သင်တန်းနည်းပြ(၁) ဦး၊ ကျောင်းသား/ သူ (၂၅)ဦးတို့ဖြင့် ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။

ကျော်ရဲအောင်(ပြန်/ဆက်)