Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ရန်ကင်းမြို့နယ်တွင် ၂၀၂၁.၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ ရူပဗေဒဘာသာရပ်အား ကျောင်းသား၊ကျောင်းသူ(၃၁၇) ဦး အေးချမ်းစွာ ဝင်ရောက်ဖြေဆို
Apr 05,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင်၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ် ၃၁ ရက်တွင် စတင်ကျင်းပလျက်ရှိရာ ယနေ့ ပဥ္စမနေ့ ရူပဗေဒဘာသာရပ်ကို ယနေ့နံနက် ၀၉:၀၀နာရီက အထက(၁)စာစစ်ဌာနတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ဥက္ကလာပမြို့နယ်တွင် လူငယ်ဘက်စုံဖွံ့ဖြိုးရေးအစီအစဉ်ဖြင့် နွေရာသီ အခြေခံပန်းချီ သင်တန်း(အခမဲ့)ဒုတိယနေ့ဆက်လက်ဖွင့်လှစ်
Apr 05,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြို့နယ်စာရေးဆရာအသင်း၊ Book Club တို့ ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်တွင် လူငယ်ဘက်စုံဖွံ့ဖြိုးရေး အစီအစဉ်ဖြင့် ပန်းချီသင်တန်းကို ယနေ့နံနက် ၉နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သာကေတမြို့နယ်တွင် နိုင်(၄)မှတ်တမ်းများအား Computer Software Programme ဖြင့် ထိန်းသိမ်းနိုင်ရေးစာရင်းရေးသွင်းခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Apr 05,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက နိုင်(၄)မှတ်တမ်းများအား Computer Software Programme ဖြင့် ထိန်းသိမ်းနိုင်ရေးစာရင်းရေးသွင်းခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နိုင်ငံသားကိုယ်ရေးမှတ်တမ်း အချက်အလက်များ နိုင်(၄)မှတ်တမ်းအား ကွန်ပျူတာဖြင့် Software Program စာရင်း ရေးသွင်းခြင်းလုပ်ငန်း ဆောင်ရွက်
Apr 05,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးမှ ၀န်ထမ်းများက နိုင်ငံသားကိုယ်ရေးမှတ်တမ်း အချက်အလက်များ နိုင်(၄)မှတ်တမ်းအား ကွန်ပျူတာဖြင့် Software Program စာရင်းရေးသွင်းခြင်းလုပ်ငန်းကို GTC ကျောင်း၌ ယမန်နေ့နံနက်ပိုင်းမှစတင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး သရက်ခရိုင် ဆီထွက်သီးနှံ(မိုး၊ ဆောင်း) လျာထားချက် ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား
Apr 05,2022
မကွေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် သရက်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်တန်းဖြေဆိုနေသည့် ကျောင်းသား၊ ကျောင်းသူများ အား ယနေ့နံနက် ၁၁ နာရီက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လမ်းမတော်မြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/ကျောင်းသူများ ရူပဗေဒဘာသာရပ်ဖြေဆို
Apr 05,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်(အနောက်ပိုင်း)ခရိုင်၊ လမ်းမတော်မြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်ကို ကျောင်းသား/ကျောင်းသူ(၂၇၄)ဦးမှ ယနေ့နံနက် (၉) နာရီအချိန်ကစ၍ နေ့လည် ၁၂ နာရီအထိ ရူပဗေဒဘာသာရပ်ကို စတင်ဖြေဆိုခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆိပ်ဖြူမြို့နယ်ရှိ ဌာနဆိုင်ရာရုံးအဆောက်အဦများ မီးဘေးအန္တရာယ်ကင်းဝေးစေရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးသုံးပစ္စည်းများ ပြည့်စုံစွာဆောင်ရွက်ထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Apr 05,2022
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်ရှိ ဌာနဆိုင်ရာ ရုံးအဆောက်အဦများ မီးဘေးအန္တရာယ် ကင်းဝေးစေရန်နှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးသုံးပစ္စည်းများ ပြည့်စုံစွာဆောင်ရွက် ထားရှိခြင်း ရှိ/မရှိကို မြို့နယ်မီးသတ်ဦးစီးဌာနက ဧပြီလ ၅ ရက်နေ့ နံနက်က ကွင်းဆင်း စစ်ဆေး အသိပေးခြင်းဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်လတ်၌ မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရန် ပိုက်ဆံလျှော်(သစ်စိမ်း)မြေဩဇာ ဧက(၄၀) ကြဲပက်
Apr 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ပန်းဘဲစုကျေးရွာရှိ တောင်သူ ဦးအေးသန်းပိုင် ကွင်းအမှတ်(၁၁၈) ၊ ဦးပိုင် ၅/၂ လယ်မြေ ဧက (၄၀) တွင် မြေဆီလွှာဖွံ့ဖြိုး တိုးတက်စေရန် ပိုက်ဆံလျှော် (သစ်စိမ်း) မြေဩဇာ ကြဲပက်ခြင်းကို ယနေ့ နံနက်(၁၀)နာရီခန့်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18688
Page
18689
Page
18690
Page
18691
Current page
18692
Page
18693
Page
18694
Page
18695
Page
18696
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department