လှိုင်မြို့နယ်တွင် ဈေးကားနှင့်သား၊ ငါးများကို ဈေးနှုန်းသက်သာစွာ ရောင်းချပေး
Apr 05,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဦးဆောင်၍ ပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူ စားသုံးနိုင်ရန်အတွက် ယနေ့နံနက်(၀၇:၀၀)နာရီအချိန်မှ စတင်၍ အမှတ်(၁၀)ရပ်ကွက်၊ ကန်လမ်း၊ လှိုင်မြင့်မိုရ်၅လမ်းထိပ်တွင် ကြက်သား၊ ဝက်သား၊ အမဲသားနှင့် ဆိတ်သားများကိုစျေးနှုန်းချိုသာစွာဖြင့် ချပေးလျက်ရှိရာ ကြက်တစ်ပိဿာလျှင်(၅၀၀၀)ကျပ်၊ အမဲသား တစ်ပိဿာ (၁၃၀၀၀)ကျပ်၊ ဝက်သား တစ်ပိဿာ (၁၀၀၀၀)ကျပ်၊ ဆိတ်သား တစ်ပိဿာ (၂၀၀၀၀)ကျပ်ဖြင့် စျေးနှုန်းချိုသာစွာရောင်းချပေးခဲ့ကြောင်း သိရသည်။