ကလောမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲရူပဗေဒဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ(၁၂၆၄)ဦး ဖြေဆို

ကလော ဧပြီ ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင်၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲ ရူပဗေဒဘာသာရပ်ကို ယနေ့နံနက် ၉ နာရီက စတင်ကျင်းပရာ ကလောမြို့နယ်ရှိ စာစစ်ဌာန ၆ ခုမှ ကျောင်းသား၊ ကျောင်းသူ (၁၃၆၈)ဦးစာရင်းပေးသွင်းထားပြီး (၁၂၆၄)ဦး ဝင်ရောက်ဖြေဆိုကြောင်း သိရသည်။

ကလောမြို့နယ်အတွင်းရှိ စာစစ်ဌာနများဖြစ်ကြသော အထက(၁)ကလောတွင်  ဖြေဆိုသူ ၂၉၈ ဦး၊ အထက(၂)ကလောတွင်ဖြေဆိုသူ ၂၂၄ ဦး၊ အထက(၃)အောင်ပန်းတွင်ဖြေဆိုသူ ၂၇၁ ဦးအထက-(၅) အောင်ပန်းတွင် ဖြေဆိုသူ ၂၈၁ ဦး၊ အထက-(၄)ဟဲဟိုးတွင် ဖြေဆိုသူ ၁၅၂ ဦး၊အထက (၆)ဘော်ဆိုင်းတွင်ဖြေဆိုသူ ၃၈ ဦး၊ စုစုပေါင်းအတွင်း၊ အပြင်ဖြေဆိုသူ ၁၂၆၄ ဦး ဝင်ရောက်ဖြေဆိုကြောင်း၊ စာစစ်ဌာနများတွင် တက္ကသိုလ်ဝင် စာမေးပွဲရူပဗေဒဘာသာရပ် ကို ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိပြီး ဝင်ရောက်ဖြေဆိုမှုရာခိုင်နှုန်း (၉၂ဒသမ ၄၀)ရာခိုင်နှုန်းနှင့်ပျက်ကွက်မှုရာခိုင်နှုန်း(၈ ဒသမ ၆၃) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ကျော်ဝင်း(ပြန်/ဆက်)