ကျောင်းကုန်း ဧပြီ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းသားကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာကို ယနေ့နံနက် ၉ နာရီအချိန် အေးချမ်းစွာ ဆက်လက်ဖြေဆိုခဲ့ကြသည်။
ကျောင်းကုန်းမြို့တွင် အတွဲ(၁)၌ အတွင်း/အပြင် ကျား(၁၅၀)ဦး၊မ(၁၇၀)ဦး၊ စုစုပေါင်း (၃၂၀)ဦး ဖြေဆို ခဲ့ကြပြီး အတွဲ(၇)၌ ကျား(၇၁)ဦး၊ မ(၁၄၂)ဦး၊ စုစုပေါင်း(၂၁၃)ဦးတို့ ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။
ကျောင်းကုန်းမြို့နယ်အတွင်း ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အ.ထ.က(၁)၊ အ.ထ.က (၂)၊ အ.ထ.က ဂုန်မင်း၊ အ.ထ.က အစုကြီး၊ အ.ထ.က ချောင်ကြီး၊ အ.ထ.က တံခွန်တိုင်၊ အ.ထ.က ဒေါင့်ကြီး၊ အ.ထ.က ပေါက်ဆိန်ပဲ့၊ အ.ထ.က ဝက်ခြံဂရက်နှင့် အ.ထ.က လှည်းဆိပ် စသည့် အခြေခံပညာအထက်တန်း ကျောင်း(၁၀)ကျောင်း၌ ဖြေဆိုခဲ့ကြပြီး၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် မသန်စွမ်း ကျောင်းသူတစ်ဦး ဖြေဆိုခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)