ဇလွန် ဧပြီ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲကို မတ်လ ၃၁ ရက်နေ့မှ စတင်၍ ဖြေဆိုလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်တွင်ရူပ ဗေဒဘာသာရပ်ကို စာစစ်ဌာန(၁၁)ခု တို့တွင် အေးချမ်းစွာဖြေဆိုလျက်ရှိသည်။
ဇလွန်မြို့နယ်တွင် ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ရူပဗေဒဘာသာရပ်ကို အ.ထ.က(၁) ဇလွန်၊ အ.ထ.က ကော့ကပ်ကြီး၊ အ.ထ.က ကျုံရှစာဖြူစု၊ အ.ထ.က ရေလဲ၊ အ.ထ.က ဂုံညင်းတန်း၊ အ.ထ.က ဒေါင့်ကြီး၊ အ.ထ.က ပျဉ်းမကုန်း၊ အ.ထ.က ရွှေကျောင်း၊ အ.ထ.က မေရီလန်း၊ အ.ထ.က မြစ်ဝ၊ အ.ထ.က သပြုကွင်းကျောင်း စာစစ်ဌာန (၁၁)ခု တို့တွင် အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိပြီး ယနေ့ ရူပဗေဒ
ဘာသာရပ်ကို ကျား (၁၉၉)ဦး၊ မ (၂၆၉ )ဦး စုစုပေါင်း (၄၆၈) ဦးဝင်ရောက်ဖြေဆိုပြီး ဖြေဆိုမှုရာခိုင်နှုန်း (၉၄.၁၆) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာ ဖြေဆိုနိုင်ရေး အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ပညာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့မိ မြို့ဖများက ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝေယံ - ဇလွန် (ပြန် / ဆက်)