မိုးကောင်းမြို့ Community Centre ၌မူကြိုရင်သွေးငယ်များအား ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

မိုးကောင်း ဧပြီ ၅

မူကြိုရင်သွေးငယ်များအား ဉာဏစွမ်းရည်ထက်မြက်စေရန်ရည်ရွယ်၍ ဆေးရောင်ခြယ် ပြိုင်ပွဲကို မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ ယနေ့ နံနက်(၁၀)နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲတွင် ထွန်းသစ်စမူလတန်းကြိုကျောင်းမှ မူကြိုရင်သွေးငယ်များ ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများနှင့် မူကြိုရင်သွေးငယ်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ခဲ့ကြောင်းသိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)