ကျိုက်လတ် ဧပြီ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ပန်းဘဲစုကျေးရွာရှိ တောင်သူ ဦးအေးသန်းပိုင် ကွင်းအမှတ်(၁၁၈) ၊ ဦးပိုင် ၅/၂ လယ်မြေ ဧက (၄၀) တွင် မြေဆီလွှာဖွံ့ဖြိုး တိုးတက်စေရန် ပိုက်ဆံလျှော် (သစ်စိမ်း) မြေဩဇာ ကြဲပက်ခြင်းကို ယနေ့ နံနက်(၁၀)နာရီခန့်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိန်မောင်မြင့်၊ ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်အေးအေးခိုင်၊ ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်စု (၁၁)အုပ်စုမှ တောင်သူ (၈၀)ဦးတို့ တက်ရောက်ကြဲပက်ခဲ့ကြသည်။ ထိုကဲ့သို့ သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော် ထည့်သွင်းရခြင်းဖြင့် မြေသားတည်ဆောက်မှုကို တိုးတက်ကောင်းမွန်စေခြင်း၊ မြေဆီလွှာ တိုက်စားမှုဒဏ်မှ ကာကွယ်ပေးနိုင်ခြင်း၊ မြေစေးကို မြေစိမ့်အား ကောင်းမွန်အောင် ပြုလုပ်ပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိမည်ဖြစ်ပြီး ကျိုက်လတ်မြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးမည့် လယ်မြေများအနက် (၆၁)ဧကကို ပိုက်ဆံလျှော် (သစ်စိမ်း)မြေဩဇာ ကြဲပက်ထည့်သွင်းပြီးပြီဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန၊ ကျိုက်လတ် မြို့နယ်ဦးစီးမှူး ဦးအောင်ဖုန်းထံမှ သိရသည်။
ရီရီမြင့်