သတင်းများ

ဟိုပန်၌ ကိုဗစ်-၁၉ ရောဂါမျိုးကွဲသစ် အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Apr 06,2022
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့တွင် ကိုဗစ်-၁၉ ရောဂါမျိုးကွဲသစ် အိုမီခရွန်ကာကွယ်ရေးအတွက် အသိပညာပေးလုပ်ငန်များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က ဟိုပန်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်ကာ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်း၊ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုထိရောက်မြန်ဆန်စေရေး ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံဆွေးနွေး
Apr 06,2022
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုထိရောက်မြန်ဆန်စေရေးအတွက် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများသည် ဧပြီလ ၅ ရက်နေ့ နံနက် ၁၀ ခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ဇေယျာသီရိမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ် ဖြေဆိုပြီးစီး
Apr 05,2022
၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်ကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇေယျာသီရိမြို့နယ် အတွင်းရှိ စာစစ်ဌာန(၅)ခု၌ ယနေ့နံနက်(၉)နာရီတွင် ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေဆိုကြသည်။
တောင်တွင်းကြီးမြို့နယ် လက်ပံကွေ့ကျေးရွာ၌ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကျင်းပ
Apr 05,2022
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ဖြင့် ဆောင်ရွက်သော လက်ပံကွေ့ကျေးရွာတွင်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်ခိုင်ထွန်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး သက်ခိုင်ထွန်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမြို့နယ် ဦးစီးမှူး ဦးခုတ်မွန်းလျန်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။
မော်လိုက်မြို့နယ် သစ်တောဦးစီးဌာနရုံး၌ ဗုံးပေါက်ကွဲမှုဖြစ်ပွား
Apr 05,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ် သစ်တောဦးစီးဌာနရုံးဝင်းအတွင်း၌ ယနေ့နံနက် ၆ နာရီ ၄၅ မိနစ်အချိန်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဗန်းမောက်မြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရူပဗေဒဘာသာရပ် ဆက်လက် ဖြေဆို
Apr 05,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ သိပ္ပံဘာသာရပ်ဖြစ်သည့်(ရူပဗေဒဘာသာ)ကို အထက ဗန်းမောက်၊ အထက စက်တော စာစစ်ဌာနများ၌ ယနေ့ နံနက် ၉ နာရီအချိန်မှစတင်၍ ဖြေဆိုလျက်ရှိသည်။
ဗန်းမောက်မြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရူပဗေဒဘာသာရပ် ဆက်လက် ဖြေဆို
Apr 05,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ သိပ္ပံဘာသာရပ်ဖြစ်သည့်(ရူပဗေဒဘာသာ)ကို အထက ဗန်းမောက်၊ အထက စက်တော စာစစ်ဌာနများ၌ ယနေ့ နံနက် ၉ နာရီအချိန်မှစတင်၍ ဖြေဆိုလျက်ရှိသည်။
ပင်းတယ မြို့အလှကျက်သရေဆောင် ပုန်းတလုတ်ရေကန်အတွင်းသို့​ ရေစီးရေလာ ကောင်းမွန်ရေး ဆောင်ရွက်
Apr 05,2022
ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့လယ်ရှိရှေ သဘာဝပုန်းတလုတ်နတ်ရေကန်အတွင်း မိုးရာသီမိုး​ရေရရှိချိန် ရေစီးရေလာကောင်းမွန်စွာ ဝင်ရောက် မှုရှိစေရန် ဧပြီလဆန်းပိုင်းမှ စတင်ကာလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။