လမ်းမတော်မြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/ကျောင်းသူများ ရူပဗေဒဘာသာရပ်ဖြေဆို

လမ်းမတော် ဧပြီ

ရန်ကုန်တိုင်း​ဒေသကြီး၊ ရန်ကုန်(အ​နောက်ပိုင်း)ခရိုင်၊ လမ်းမ‌တော်မြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်ကို ကျောင်းသား/ကျောင်းသူ(၂၇၄)ဦးမှ ယနေ့နံနက် (၉) နာရီအချိန်ကစ၍ ​နေ့လည် ၁၂ နာရီအထိ ရူပဗေဒဘာသာရပ်ကို စတင်ဖြေဆိုခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၃၁ ရက်မှ ဧပြီလ ၉ ရက်အထိ ဖြေဆိုကြရမည် ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်(အ​နောက်ပိုင်း)ခရိုင်၊ လမ်းမ‌တော်မြို့နယ်အမှတ် (၁)အခြေခံပညာအထက်တန်း​ကျောင်း စာစစ်ဌာနတင် ရူပဗေဒဘာသာရပ် တက္ကသိုလ်ဝင်စာမေးပွဲကို မြို့နယ်အတွင်းမှ ကျောင်းသား/ကျောင်းသူ (၁၈၅)ဦး၊ ပြင်ပမှ​ဖြေဆိုမည့်သူ(၈၉)ဦး စုစု​ပေါင်း (၂၇၄)ဦး ဖြေဆိုကြမည်ဖြစ်​သည်။ စာမေးပွဲဖြေဆိုရန် စာရင်းရှိ ကျောင်းသား/ ကျောင်းသူ ( ၂၇၄ ) ဦးရှိပြီး ကျောင်းသား( ၁၉)ဦး၊ ကျောင်းသူ (၉) ဦး၊ စုစုပေါင်း (၂၈)ဦး ဖြေဆိုရန် ပျက်ကွက်ခဲ့သည်၊၊ လမ်းမတော်မြို့နယ်အတွင်း ကျောင်းသား/ကျောင်းသူ ၈၉. ၇၈ ရာခိုင်နှုန်းဖြေဆိုကြကြောင်းလမ်းမတော်မြို့နယ်တွင် အ.ထ.က ကျောင်း (၂) ကျောင်း၊ အ.လ.က ကျောင်း (၁) ကျောင်း၊ အ.မ.က ကျောင်း (၃)ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း (၃)ကျောင်း ဖွင့်လှစ်ထားရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရပါသည်။

 

ကျော်ဆန်းမြင့်