လက်ပံတန်း ဧပြီ ၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးမှ ၀န်ထမ်းများက နိုင်ငံသားကိုယ်ရေးမှတ်တမ်း အချက်အလက်များ နိုင်(၄)မှတ်တမ်းအား ကွန်ပျူတာဖြင့် Software Program စာရင်းရေးသွင်းခြင်းလုပ်ငန်းကို GTC ကျောင်း၌ ယမန်နေ့နံနက်ပိုင်းမှစတင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ နိုင်(၄) ပါ အကြောင်းအရာ မှတ်တမ်းများအား ကွန်ပျူတာဖြင့် Software Program ဖြင့် စာရင်းရေးသွင်းရန် (၂၀၇၇၅၂)ကတ်ရှိပြီး၊ ယနေ့အထိ (၁၃၅၅၅)ကတ်ပြီးစီးကြောင်းနှင့် ဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဠ ဦးဘုန်းလှိုင်၊ လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအား၀န်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်တို့မှ ဝိုင်း၀န်း ပူးပေါင်း ပါ၀င်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)