တောင်ဥက္ကလာပ ဧပြီ ၅
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြို့နယ်စာရေးဆရာအသင်း၊ Book Club တို့ ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်တွင် လူငယ်ဘက်စုံဖွံ့ဖြိုးရေး အစီအစဉ်ဖြင့် ပန်းချီသင်တန်းကို ယနေ့နံနက် ၉နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။
သင်တန်းတွင် နွေရာသီကျောင်းပိတ်ရက်များ၌ ကျောင်းသား၊ကျောင်းသူ လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ပန်းချီပညာကို အခြေခံတတ်မြောက်စေရန်နှင့် အားလပ်ရက်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ခဲ့ရာ သင်တန်းသားသင်တန်းသူများ စိတ်ပါဝင်စားစွာဖြင့် သင်တန်းဒုတိယနေ့ကို ဆက်လက်ယူဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းကို အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူကလေး(၁၅)ဦးတက် ရောက်နေပြီး သင်တန်းကာလမှာ ဧပြီ(၄)ရက်နေ့မှ စတင်၍ ဧပြီလ (၈)ရက်နေ့အထိ စုစုပေါင်း (၅)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရသည်။
ခင်ဆွေနှင်း (ပြန်/ဆက်)