ဆိပ်ဖြူ ဧပြီ ၅
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်ရှိ ဌာနဆိုင်ရာ ရုံးအဆောက်အဦများ မီးဘေးအန္တရာယ် ကင်းဝေးစေရန်နှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးသုံးပစ္စည်းများ ပြည့်စုံစွာဆောင်ရွက် ထားရှိခြင်း ရှိ/မရှိကို မြို့နယ်မီးသတ်ဦးစီးဌာနက ဧပြီလ ၅ ရက်နေ့ နံနက်က ကွင်းဆင်း စစ်ဆေး အသိပေးခြင်းဆောင်ရွက်သည်။
အဆိုပါလုပ်ငန်းကို မြို့နယ်မီးသတ်တပ်ဖွဲ့ ဦးစီးအရာရှိ ဦးအောင်ဇော်လင်း၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဒုတိယမီးသတ်ဦးစီးမှူး ဦးအောင်ဘိုဝင်းနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်ရှိ ဌာနဆိုင်ရာရုံးအဆောက်အဦများတွင် မီးဘေးအန္တရာယ်ကင်းဝေးရေး ဌာနပိုင် အဆောက်အဦများတွင် သွယ်တန်းထားရှိသော လျှပ်စစ်ဝါယာများ၊ ရုံးတွင်းရုံးပြင်၌ မီးလောင် လွယ်စေနိုင်သည့် လောင်စာပစ္စည်းများ စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ထားရှိရေးတို့ကို အသိပေးပြောကြားပြီး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ပစ္စည်းများ ပြည့်စုံစွာ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ မီးသတ်ရေကန်၊ မီးချိတ်၊ မီးကပ်၊ လှေကားများ ကြံ့ခိုင်မှုအခြေအနေများစစ်ဆေးခဲ့ပြီး လိုအပ်သည့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ပြည့်စုံစွာဆောင်ရွက်သွားရန် အသိပေးပြောကြားခဲ့ ကြောင်းသိရသည်။
စိုးလင်းနိုင်(IPRD)