သတင်းများ

မိုးကုတ်မြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများ ပြုလုပ်ခြင်းနှင့် ပတ်သက်၍ အသိပေးဆောင်ရွက်
Nov 03,2022
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ ပြုလုပ်ခြင်းနှင့် ပတ်သက်၍ မိဘပြည်သူများ သိရှိနိုင်စေရန် အသိပညာပေး ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်(၁၂)နာရီအချိန်က မြို့မရပ်ကွက်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၏ နံရံကပ်ဘုတ်တွင် အသိပညာပေး ဗီနိုင်းများ ပြသခြင်း၊ လမ်းသွားလမ်းလာ အများပြည်သူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများကို မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ခဲ့ကြောင်း သိရသည်။
မလှိုင်မြို့နယ် ရွာသစ်ကျေးရွာ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး ဆွေးနွေး
Nov 03,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရန် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ ရွာသစ်ကျေးရွာ သန္တိသုခဓမ္မာရုံ၌ ယမန်နေ့ မွန်းလွဲပိုင်းက တွေ့ဆုံတွေးနွေးခဲ့ကြောင်း သိရသည်။
ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနအသီးသီးနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်
Nov 02,2022
နိုဝင်ဘာလ(၇)ရက်နေ့တွင် ကျရောက်မည့် (၆၇) နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဘားအံမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်သော ကော့ဒါန်းမယ်ကျေးရွာ (VDP) ခန်းမဆောင်နှင့် စက်ရေတွင်း (အိမ်သွယ်ရေတိုင်စနစ်) ရေပေးရေးဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီခန့်က အဆိုပါ ခန်းမဆောင်တည်နေရာ၌ ကျင်းပသည်။
ထားဝယ်မြို့အတွင်း (၁၂) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပဒေသာပင် စည်ကားသိုက်မြိုက်စွာဖြင့် လှည့်လည် ပူဇော်
Nov 02,2022
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် (၁၂)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ပဒေသာပင် လှည့်လည်ပူဇော်ပွဲကို ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့အတွင်း စည်ကားသိုက်မြိုက်စွာဖြင့် လှည့်လည်ပူဇော်ခံရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးနှင့် တာဝန်ရှိသူများက ကြည်ရှုအားပေးခဲ့သည်။
ပေါင်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၌ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းများ လိုက်လံဆောင်ရွက်
Nov 02,2022
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်အတွင်းရှိ ဌာနအသီးသီးတို့မှ ဝန်ထမ်းများ စာအုပ်စာစောင်များကို အလွယ်တကူ ငှားရမ်းဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့မွန်းလွဲပိုင်းတွင် မိုဘိုင်းစနစ်ဖြစ် စာအုပ်စာစောင် ငှားရမ်းပေးခြင်းများကို လိုက်လံဆောင်ရွက်ခဲ့ကြသည်။
ကြို့ပင်ကောက်မြို့တွင် မြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန်အလှူပွဲကျင်းပ
Nov 02,2022
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်၊ ပန်းတင်ရပ်ကွက် မြို့ဦးပန်းတင် ဘုန်းတော်ကြီးကျောင်း၌ ဌာနဆိုင်ရာ‌များ၊ လူမှု‌ရေးအဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများ ဒေသခံပြည်သူမျာ၏ စုပေါင်းမဟာဘုံကထိန်အလှူပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
တွံတေး၌ ရဲဗလ ရွှေတံဆိပ်နှင့်ဂုဏ်ပြုစာလွှာများပေးအပ်ပွဲ အခမ်းအနားပြုလုပ်
Nov 02,2022
ရန်ကုန်တိုင်းဒေသကြီး၊တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင်နိုင်ငံတော်တာဝန်ထမ်းဆောင်ရင်း သေဆုံး/ ကျဆုံးနှင့် ထိခိုက်ဒဏ်ရာရရှိသည့် နိုင်ငံဝန်ထမ်းများနှင့် ပြည်သူ့ဝန်ထမ်းများအတွက် ရဲဗလရွှေတံဆိပ်နှင့်ဂုဏ်ပြုစာလွှာ ပေးအပ်ပွဲအခမ်းအနားကို​မြို့နယ် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်းအ​ဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းခုတ်မြို့၌ စာဖတ်ဝိုင်းကျင်းပ
Nov 02,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့်  စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)တို့ ပူးပေါင်း၍ ယနေ့နေ့လယ် ၁ နာရီခွဲက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာရေးဆရာ မြင်းခြံကျော်အောင် (ခ)သန်းထက်စံ ရေးသားသည့် ''ကြီးပွားအောင်မြင်အောင်ပန်းကိုဆင်''စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။