လှိုင်သာယာ (အနောက်ပိုင်း) ဧပြီ ၅
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန Community centre တွင် နွေရာသီကျောင်းပိတ်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ အချိန်အလဟသမဖြစ်စေရန်၊ စာကြည့်တိုက်သို့ လာရောက်၍စာဖတ်လာစေရန်၊ သင်တန်းမှ ရရှိသော အသိပညာဗဟုသုတများကို လိုအပ်လာလျှင် ပြန်လည်အသုံးချနိုင်ရန် ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီ အချိန်ကအခြေခံရှေးဦးသူနာပြု သင်တန်းဖွင့်လှစ်ခဲ့ပါသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်သိန်းသိန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး လှိုင်သာယာအနောက်ပိုင်းမြို့နယ်မှ ကြက်ခြေနီသူနာပြုတပ်ရင်းမှ တပ်ဖွဲ့မှူး ဦးထွန်မင်းဇော်က သင်တန်းနှင့်ပတ်သက်သော စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။
အဆိုပါ အသင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ(တာဝန်ပေး)ဒေါ်သိန်းသိန်းနှင့် ဝန်ထမ်းများ၊ လှိုင်သာယာအနောက်ပိုင်း မြို့နယ်ကြက်ခြေနီသူနာပြုတပ်ရင်းမှ တပ်ဖွဲ့မှူး ဦးထွန်းမင်းဇော်နှင့် အဖွဲ့ဝင်များ၊ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သိန်းသိန်း(လှိုင်သာယာအနောက်ပိုင်း)