ပုဇွန်တောင်မြို့နယ်၌ ၂၀၂၂ ခုနှစ်တက္ကသိုလ်၀င်ခွင့်စာမေးပွဲ ရူပဗေဒဘာသာရပ်အား ဆက်လက်ဖြေဆို

ပုဇွန်တောင် ဧပြီ ၅

ရန်ကုန်တိုင်းဒေသကြီး၊ရန်ကုန်အရှေ့ပိုင်းခရိုင်၊ပုဇွန် တောင်မြို့နယ် အ.ထ.က( ၂)ကျောင်းတွင် ၂၀၂၂ခု နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ရူပ ဗေဒဘာသာရပ်အား ယနေ့နံနက်( ၉)နာရီမှ (၁၂)နာရီ ထိ ဖြေဆိုနေပြီဖြစ်ကြောင်း သိရသည်။

၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကိုဧပြီလ ၉ ရက်နေ့အထိ ဖြေဆိုကြရမည် ဖြစ်သည်။ ရန်ကုန် တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို မြို့နယ် အတွင်းမှ ကျောင်းသား/ကျောင်းသူ (၂၈)ဦး၊ ပြင်ပဖြေဆိုသူ (၆၄)ဦး၊စုစုပေါင်း (၉၂)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြသည်။ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေး အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများတာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များ ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဟန်စုယဉ်(ပြန်/ဆက်)