သိန္နီ ဧပြီ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပြီး မီးဘေးအန္တရာယ်အသိပညာပေးဆိုင်ရာ ဆွေး နွေးပွဲ (Talk Show)ကို ယနေ့ မွန်းလွဲ(၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် သိန္နီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဥမ္မာချိုက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ရ ခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် မြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးမင်းမင်းသစ်က ရပ်ကွက်နှင့် ကျေးရွာများတွင် မီးလောင်မှုမဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ မီးလောင်မှုပေါ်ပေါက်ခဲ့ပါက ဆောင်ရွက်သင့်သည့် နည်းလမ်းများ၊ နွေရာသီတွင် မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ရာသီအလိုက် မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် လေ့ကျင့်ဆောင်ရွက်နေမှုများ ၊အရေးပေါ်မီးလောင်မှုပေါ်ပေါက်ပါက မီးသတ်တပ်ဖွဲ့သို့ ဆက်သွယ်ရမည့် လိပ်စာများနှင့် ဒေသခံပြည်သူများအနေဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး ဆောင်ရွက်သင့် သည့် အကြံပြုချက်များကို အကျယ်တဝံ့ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
စောဥမ္မာ(သိန္နီ)