သုံးခွ ဧပြီ ၅
ရန်ကုန်ကိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centreတွင် စာပေချစ်သူများ အချင်းချင်းဝိုင်းဖွဲ့ ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏ အတွေးအခေါ် အသိအမြင် များအား မျှဝေတတ်စေရန်ရည်ရွယ်၍ ယနေ့နံနက် (၉)နာရီအချိန်ကစာရေးဆရာ ကျော်ကျော်လှိုင် ရေးသားသည့် "တန်ဖိုးရှိသောနေ့ " စာအုပ်အား စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးမှ ဦးဆောင်ဆွေးနွေးသူအဖြစ် "အောင်မြင်ရေး စိတ်ဓာတ်မွေးမြူပါ" အရေးကြီးတာကိုသိမှ ဦးစားပေးအစီအစဉ်တွေ မှန်မည်" (Book club)အဖွဲ့၀င် မောင်ပြည့်ဖြိုးက "ပျော်ရွှင်ချမ်းမြေ့တဲ့မိသားစုကို ပိုင်ဆိုင်ရင် အောင်မြင်သူပါ"၊မခြူး မြတ်ခြယ်မှ စဉ်းစားတာတွေ မှန်နေဖို့စသည့် စာအုပ်ပါ အကြောင်းအရာများကို ဆွေးနွေး၍ စာဖတ်ဝိုင်း ကျင်းပခဲ့ကြသည်။
စည်သူလင်း