ကဝ ဧပြီ ၅
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ ကံတော်ကျေးရွာတွင် ဧပြီလ(၃)ရက်နေ့က မိုးသက်လေပြင်းတိုက်ခတ်၍ ပြိုကျပျက်စီးသွားသော လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲကို ယနေ့နံနက် (၁၀:၃၀)အချိန် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကဝမြို့နယ်ရုံးမှ ပြိုလဲနေအိမ် (၄)လုံးအတွက် ဆန်ဖိုးနှင့်အိမ်ဆောက်ပစ္စည်းတန်ဖိုးကို (၄၃၁၅၀၀)ကျပ်၊ အမိုးလန်နေအိမ် (၁၂)လုံးအတွက် ဆန်ဖိုးနှင့်အိမ်ဆောက်ပစ္စည်းတန်ဖိုး (၄၅၃၄၀၀)ကျပ်၊ စုစုပေါင်းတန်ဖိုး (၈၈၄၉၀၀)ကျပ်နှင့် ပြိုလဲနေအိမ် (၄)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း စက္ကူပုံးအပါ(၁၇)မျိုး (၄)ပုံးတို့အား ဦးအောင်ကိုမင်း ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဒေါ်သင်းယုမောင်နှင့် ဝန်ထမ်းများက ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သန်းသန်းဝင်း(ပြန်/ဆက်)