အုတ်တွင်းမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး ဆွေးနွေးပွဲများ ကွင်းဆင်း ဆောင်ရွက်

အုတ်တွင်း   ဧပြီ   

ပဲခူးတိုင်းဒေသကြီး၊  တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး ဆွေးနွေးပွဲကို  ယနေ့မွန်းတည့် ၁၂ နာရီအချိန် က သရက်ပင်မောင်နှမကျေးရွာအုပ်စု၊ ရေလျှံကျေးရွာ ဘုန်းတော်ကြီးကျောင်းဝန်း၌ ကျေးရွာတောင်သူများနှင့် တွေ့ဆုံကာ အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် အုတ်တွင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဆန်းဦး က နွေစပါး စိုက်ပျိုးရေးအတွက် စပါးအထွက်တိုးစေသော နည်းပညာများ၊ စိုက်နည်းစနစ်များအကြောင်း၊ မျိုးကောင်းမျိုးသန့်ရရှိစေရေး၊ စားသုံးဆီဖူလုံရေးအတွက် တောင်သူများ နေကြာစိုက်ပျိုးနိုင်ရန်၊ နေကြာသီးသန့်စိုက်ပျိုးနိုင်ရေးအတွက် နည်းပညာများ ပေးကာ တောင်သူများအတွက် သဘာဝဓါတ်မြေဩဇာ သုံးစွဲရေးအတွက် အသိပညာပေး ဆွေးနွေး ခဲ့ကြောင်းသိရသည်။

ဆက်လက်၍ အုတ်တွင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်အစားအစာအဖြစ် နေပီယာမြက်စိုက်ပျိုးနိုင်ရေးအကြောင်းအရာများ အသိပညာပေးဆွေးနွေးခြင်း၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှ လယ်ယာမြေဥပဒေနည်းဥဒေများအကြောင်း၊ မြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ စက်မှုလက်ယာကဏ္ဍာနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ဆည်မြောင်းဦးစီးဌာနမှ လယ်ယာမြေများရေရရှိရေး အသုံးပြုနည်းအကြောင်းအရာများ၊ မြို့နယ်သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးနှင့် သစ်တောသစ်ပင်များ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေး၊ ပလပ်စတစ်သုံးစွဲရခြင်းရဲ့ ဆိုးကျိုးများအကြောင်းအရာများ သက်ဆိုင်ရာ  တာဝန်ရှိသူအသီးသီးမှ အသိပညာပေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်သောတောင်သူများက သိလိုသည်များ မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)