သတင်းများ

မိုးညိုမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေး ကျေးရွာများအရောက် ကွင်းဆင်း ဆောင်ရွက်
Apr 06,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက ကျေးရွာများအရောက် ကွင်းဆင်းကာ ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
လှည်းကူးမြို့နယ် လူထုအခြေပြုဗဟိုဌာန Community  Centre ခန်းမတွင် နွေရာသီအခြေခံပန်းချီသင်တန်း ဒုတိယနေ့ ဆက်လက်သင်ကြားလျက်ရှိ
Apr 06,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် Book Clubအ ဖွဲ့တို့ ပူးပေါင်း၍ ကျောင်းသား/သူများ နွေရာသီ ကျောင်းပိတ်ရက်များတွင် ကာယဉာဏဖွံ့ဖြိုးစေရန်၊ အရောင်များ၏ ဆက်စပ်မှုများကို သိရှိစေရန်နှင့် အခြေခံပန်းချီရေးဆွဲနည်းပညာအား သိရှိစေရန်ရည်ရွယ်၍ နွေရာသီ အခြေခံပန်းချီသင်တန်း ဒုတိယနေ့ကို ယနေ့နံနက် (၉)နာရီမှ(၁၂)နာရီအထိ ဆက်လက်သင်ကြားလျက်ရှိကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဆဌမနေ့ ကျောင်းသား၊ ကျောင်းသူ ၂၄၆ ဦးဖြေဆို
Apr 06,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဆဌမနေ့ ကျောင်းသား၊ ကျောင်းသူ ၂၄၆ ဦးဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဘောဂလိမြို့ လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမ၌  စာအုပ်စာပေ ချစ်မြတ်နိုးသူများ   စာဖတ်ဝိုင်း ကျင်းပ  
Apr 06,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက  စာအုပ်စာပေ  ချစ်မြတ်နိုးသူများ  ပိုမိုတိုးပွားလာစေရန်၊ အတွေးအခေါ်  အသိအမြင်များ  အချင်းချင်း ဖလှယ်တတ်စေရန်၊   စာပေမှရရှိသော  အသိအမြင်ဗဟုသုတများကို  အသုံးချတတ်လာစေရန်  ရည်ရွယ်၍    “အားနေသောလက်များ”  စာအုပ်ဖြင့်   ယနေ့နံနက်  (၁၀) နာရီအချိန်က    လူထုအခြေပြုဗဟိုဌာန   ( Community  Centre)  ခန်းမ၌  စာဖတ်ဝိုင်း  ကျင်းပပြုလုပ်ခဲ့သည်။
မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Apr 06,2022
ရန်ကုန်မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုကို ကာကွယ်ထိန်းချုပ်ရန်အတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို အများပြည်သူများအား နေ့စဉ်ရုံးဖွင့်ရက် နံနက် ၉:၀၀မှ ၁၁:၃၀နာရီအထိ ခရေပင် လမ်းမအနီး၊ မင်္ဂလာဒုံဈေးရပ်ကွက်၊ ၁၄ လမ်းရှိ မြို့နယ်ကျန်းမာရေးဦးစီးဌာန၌ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က အသိပညာပေး နှိုးဆော်ခြင်လုပ်ငန်း ကွင်းဆင်းဆောင်ရွက်
Apr 06,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြုမြို့နယ်တွင် ကိုဗစ်-၁၉ဗီဇပြောင်း မျိုးကွဲသစ်အိုမီခရွန် (Omicron)ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က အသံချဲ့စက်ယာဉ်ဖြင့် အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီက ပွင့်ဖြူမြို့နယ် ဥယျာဉ်ကျစ်ကျေးရွာသို့ ကွင်းဆင်းပြီး အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သီပေါမြို့နယ်တွင် မဟာသင်္ကြန်ကာလအတွင်း ဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
Apr 06,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့မွန်းလွဲ(၂)နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအသီးသီးမှတာဝန်ရှိသူများနှင့်မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများတွေ့ဆုံ၍ မဟာသင်္ကြန်ကာလအတွင်း ဆောင်ရွက်မည့်ကိစ္စများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 
ပြည်သူများ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် စဉ်ဆက်မပြက် ကင်းလှည့်လည်ခြင်းများ ဆောင်ရွက်
Apr 06,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်အတွင်း ပြည်သူများ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် မတ်လပထမ အပတ်မှ စတင်၍ ညပိုင်းတွင် မြို့ပေါ်ရပ်ကွက်များအတွင်းသို့ ကင်းလှည့်လည်စစ်ဆေးခြင်း လုပ်ငန်းများကို ပူးပေါင်းအဖွဲ့က စဉ်ဆက်မပြက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။