မင်္ဂလာတောင်ညွန့်မြို့နယ်တွင်၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမမြောက်နေ့အဖြစ် ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာ ရပ်အား ဆက်လက်ဖြေဆို

ရန်ကုန် ဧပြီ ၆

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့် မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမမြောက်နေ့ အဖြစ် ဇီဝဗေဒနှင့်ဘောဂဗေဒဘာသာရပ်ကို စာစစ်ဌာနဖြစ်သည့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီမှစတင်၍ အေးချမ်းစွာ ဆက်လက် ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မတ်လ ၃၁ ရက်နေ့မှစတင်၍ ကျင်းပပြုလုပ် လျက်ရှိပြီး စာမေးပွဲ ဆဋ္ဌမမြောက်နေ့အဖြစ် ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်တို့တွင် မင်္ဂလာတောင်ညွန့်မြို့နယ်မှ ဝင်ရောက် ဖြေဆိုသူ ဇီဝဗေဒ ဘာသာရပ်တွင် ကျောင်းသား/သူ(၁၃၄)ဦးနှင့် ဘောဂဗေဒဘာသာရပ်တွင် ကျောင်းသား/သူ (၁၃၆)ဦး စုစုပေါင်း (၂၇၀)ဦးရှိပြီး ဖြေဆိုသူ ၈၇.၇၄ ရာခိုင်နှုန်းရှိကြောင်းသိရသည်။

အဆိုပါ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်စေရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပညာရေးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လိုအပ်သည်များကို ပေါင်းစပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ စာမေးပွဲဖြေဆိုသူ ကျောင်းသား / ကျောင်းသူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ Mask တပ်ခြင်း၊ လက်သန့်ဆေးများ အသုံးပြုပြီးမှ စာမေးပွဲခန်းအတွင်း ဝင်ရောက်စေခြင်းတို့ကို တာဝန်ကျ ဆရာ/ ဆရာမ များက ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။

ကျော်သူဟိန်း