ဗဟန်းမြို့နယ်၌ ၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်တို့အား ကျောင်းသားကျောင်သူများ အေးချမ်းစွာ ဆက်လက်ဖြေဆို

ဗဟန်း ဧပြီ ၆

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးတွင် တိုင်ဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ ကျင်းပလျက်ရှိရာ ယနေ့နံနက် ၉ နာရီမှ ၁၂ နာရီအထိ၊ ဆဌမနေ့အဖြစ် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာ ရပ်တို့အား ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်းရှိ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကိုကျောင်းတွင်း၊ ကျောင်းပြင်ဖြေဆိုသူကျောင်းသား၊ ကျောင်းသူများသည်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဖြေဆိုရာတွင် ဇိဝဗေဒဘာသာရပ်တွင် ကျောင်းသား (၁၇၅)ဦး၊ ကျောင်းသူ(၂၁၁)ဦး စုစုပေါင်း(၃၈၆)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်၊၊

ဇီဝ​ဗေဒဘာသာရပ်စာမေးပွဲဖြေဆိုရန် ကျောင်းတွင်း၊ ကျောင်းပြင်ဖြေဆိုသူစာရင်းရှိ ကျောင်းသား(၁၈၈)ဦးကျောင်းသူ(၂၂၆ )ဦး စုစုပေါင်း (၄၁၄)ဦးရှိပြီး ကျောင်းသား(၁၃)ဦး၊ ကျောင်းသူ (၁၅) ဦး၊ စုစုပေါင်း(၂၈)ဦး ဖြေဆိုရန်ပျက်ကွက်ခဲ့သည်၊၊

ဗဟန်းမြို့နယ်အတွင်း ဇီဝဗေဒဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ ၉၃.၂၄ ရာခိုင်နှုန်း စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုကြကြောင်း သိရသည်။

အလားတူ​ ဘောဂ​ဗေဒဘာသာရပ်ကို​ ဖြေဆိုရာတွင်​ ကျောင်းသား(၉၂)ဦး၊​ ကျောင်းသူ(၈၄)ဦး စုစု​ပေါင်း (၁၇၆)ဦး ဝင်​ရောက်​ဖြေဆိုပြီး​ ဖြေဆိုရန်စာရင်းရှိဦးရေမှာ​ ကျောင်းသား(၁၀၃)ဦး၊​ကျောင်းသူ(၉၆)ဦး စုစု​ပေါင်း(၁၉၉)ဦးရှိရာ စာ​မေးပွဲ​ဖြေဆိုရန် ပျက်ကွက်သူ​ကျောင်းသား (၁၁)ဦး၊​ ကျောင်းသူ(၁၂)ဦး စုစု​ပေါင်း(၂၃)ဦး ပျက်ကွက်ခဲ့သည်။

ဗဟန်းမြို့နယ်တွင် ဘောဂဗေဒဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူဖြေဆိုသူ ၈၈.၄၄ ရာခိုင်နှုန်း စိတ်အေးချမ်းသာစွာ ​ဖြေဆိုကြ​ကြောင်း သိရသည်။

ထိုသို့ ဗဟန်းမြို့နယ်အတွင်း၌ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်ရန်အတွက် စာမေးပွဲဖြေဆိုနေမှုများနှင့် ကျောင်းများတွင် လုံခြုံရေးဆောင်ရွက်ထားရှိမှုအခြေအနေ၊ ကိုဗစ်-၁၉ဆိုင်ရာ ကျန်းမာရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ထားမှုအခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးတို့က ကွင်ဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)