ပေါက်ခေါင်း ဧပြီ ၆
၂၀၂၁- ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အတွဲ(၁)ဘောဂဗေဒ ဘာသာရပ်နှင့် အတွဲ(၇)ဇီဝဗေဒဘာသာရပ်ကို ပေါက်ခေါင်းမြို့ စာစစ်ဌာန(၂)ခုတွင် ယနေ့နံနက် ၉ နာရီမှ စတင်ဖြေဆိုလျက်ရှိရာ မွန်းတည့်(၁၂)နာရီတွင် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်တွင် အ.ထ.က(ပေါက်ခေါင်း)နှင့် အ.ထ.က(အိုးဘိုကုန်း) စာစစ်ဌာန (၂)ခု ရှိပြီး ဇီဝဗေဒဘာသာရပ်တွင် ဖြေဆိုရန် စာရင်းပေးထားသူ ကျောင်းသား၊ ကျောင်းသူ(၆၁)ဦး ရှိရာ ယနေ့တွင် လာရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၅၈)ဦးဝင် ရောက် ဖြေဆိုပြီး၊ ပျက်ကွက်သူ (၃)ဦးရှိ ကြောင်း၊ အတွဲ(၁) ဘောဂဗေဒဘာသာရပ်တွင် ဖြေဆိုရန် စာရင်း ပေးထားသူ ကျောင်းသား၊ ကျောင်းသူ(၆၆၁)ဦးရှိပြီး လာရောက်ဖြေဆိုသူ(၆၀၃)ရှိပြီး၊ ပျက်ကွက်သူ(၅၈)ဦးရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
ယနေ့စာမေးပွဲဖြေဆိုပြီးချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့် အဖွဲ့ဝင်များက ကျောင်းသား၊ကျောင်းသူ များအားအချိုရည်ဘူးများ ဝေငှပေးခဲ့ကြောင်းသိရသည်။
သန်းထွန်းအောင်