ကြို့ပင်ကောက်မြို့တွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ
Apr 06,2022
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးစီးရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် အသက် ၁၂ နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးရန်ကျန်ရှိသည့် ကျောင်းသားကျောင်းသူများအား စတင်ထိုးနှံပေးလျက်ရှိရာ ဗောဓိရုက္ခ အလယ်တန်းကျောင်းနှင့် ဆေးထိုးစုရပ်(၁၀)နေရာတွင် ယနေ့နံနက် ၉ နာရီအချိန်က စတင်၍ ထိုးနှံပေးလျက်ရှိကြောင်း တက္ကသိုလ်ဝင်တန်းဖြေဆိုနေရသည့် ကျောင်းသားကျောင်းသူ များအား မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံးတွင် မွန်တည့် ၁၂ နာရီအချိန်တွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။