သဲကုန်း ဧပြီ ၆
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမမြောက်နေ့အဖြစ် ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်စာမေးပွဲကို နိုင်ငံတစ်ဝှမ်း ဧပြီ ၆ ရက်နေ့တွင် ဖြေဆိုပြီးစီးပြီဖြစ်ရာ ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ကျောင်းသား/သူများ အေးချမ်းစွာဖြေဆိုပြီးစီး၍ ပျော်ရွှင်လျက်ရှိသော ကျောင်းသား/သူများအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေးနှင့်အဖွဲ့က အချိုရည်နှင့်မုန့်များဝေငှပေးခဲ့ကြောင်း သိရသည်။
ယနေ့ဖြေဆိုလျက်ရှိသည့် ဇီဝဗေဒဘာသာရပ်ဖြေဆိုရန်စာရင်းပေးသွင်းသူ (၉၁၉)ဦးရှိပြီး (၈၂၂)ဦး ဝင်ရောက်ဖြေဆိုရာ ဖြေဆိုမှုရာခိုင်နှုန်း ၈၉.၄၅ ရာခိုင်နှုန်း၊ ဘောဂဗေဒ ဘာသာရပ်ဖြေဆိုရန် စာရင်းပေးသွင်းသူ (၁၉၉)ဦးရှိပြီး (၁၈၂)ဦးက ဆက်လက်ဖြေဆိုရာ ဖြေဆိုမှုရာခိုင်နှုန်း ၉၁.၄၆ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်၊ ပြန်/ဆက်