ကျိုက်မရော၌ ကျား/မအခြေပြု အကြမ်းဖက်(Gender based Violence) ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

ကျိုက်မရော ဧပြီ ၆

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူးပြုလုပ်သော ကျား/မအခြေပြု အကြမ်းဖက်“Gender based Violence)” ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀နာရီက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိန်ဝေက မိမိတို့မြို့နယ်အတွင်း ကျား/မအခြေပြု အကြမ်းဖက်မှု ကင်းစင် ရေးအတွက် အသိပညာပေး ဆွေးနွေးပွဲများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း ဆွေးနွေး ပြောကြားပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဆေးရုံအုပ်ကြီး ဒေါတ်တာကျော်ဇင်ထွန်းမှ” ကျား/မရေးရာ Gender အကြောင်းကို ပရိုဂျက်တာဖြင့် အသေးစိတ် ရှင်းလင်းဆွေးနွေးခြင်း၊ အကြမ်းဖက်ခံရသူ အမျိုးသမီးများအား စိတ်ပိုင်း ဆိုင်ရာ စောင့်ရှောက်မှုတွင် သက်ဆိုင်ရာဌာနများနှင့် လူမှုရေးအသင်းအဖွဲ့များကလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ပေး ကြရန် ဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာသူများထဲမှ ကျား/မအခြေပြုနှင့် ပတ်သက်၍ သိလိုသည်များကို မေးမြန်းရာ မြို့နယ် ဆရာဝန်ကြီးက အသေးစိတ်ပြန်လည် ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)