၂၀၂၁-၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ငပလီမြို့၌ ကျောင်းသား/သူ( ၇၂၃)ဦး ဝင်ရောက်ဖြေဆို

ငပလီ ဧပြီ ၆

၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံတစ်ဝှမ်းလုံး၌ ယနေ့နံနက် ၉ နာရီမှစတင်၍ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒ ဘာသာရပ်ကို ဖြေဆိုလျက်ရှိရာ ရခိုင်ပြည်နယ်သံတွဲမြို့နယ် ငပလီမြို့ရှိ စာစစ်ဌာန(၂)ခုတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆို လျက်ရှိကြောင်း သိရသည်။

သံတွဲမြို့နယ်၊ ငပလီမြို့အတွင်းရှိ စာစစ်ဌာန(၂)ခုတွင် ဇီဝဗေဒဘာသာရပ်၌ စာမေးပွဲဖြေဆိုရန် စာရင်းသွင်းထားသူ (၆၇)ဦးရှိသည့်အနက် ဝင်ရောက်ဖြေဆိုသူ(၆၅)ဦးရှိပြီး၊ ပျက်ကွက်သူ(၂)ဦး ရှိခဲ့ကြောင်း၊ အလားတူ ဘောဂဗေဒဘာသာရပ် တွင်လည်း ဖြေဆိုရန် စာသွင်းထားသူ(၆၈၅)ဦး ရှိသည့်အနက် ဝင်ရောက်ဖြေဆိုသူ(၆၅၈)ဦးရှိပြီး၊ ပျက်ကွက်သူဦးရေ(၂၇)ဦး ရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေကြသော ကျောင်းသား/သူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ လုံခြုံရေး ဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် အဖွဲ့ဝင်များက စာစစ်ဌာနများသို့ လှည့်လည် ကြည့်ရှုစစ်ဆေး ခဲ့ကြကြောင်း သိရသည်။

သန်းနု (ငပလီပြန်/ဆက်)