တန့်ယန်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအား အေးချမ်းစွာ ဆက်လက်ဖြေဆို

တန့်ယန်း ဧပြီ  ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့ကို အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်း စာဖြေဌာန၌ ကျောင်းသား/ ကျောင်းသူများ ယနေ့ နံနက် ၉ နာရီမှ ၁၂ နာရီထိ အေးချမ်းစွာဖြေဆိုကြသည်။

၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တန့်ယန်းစာဖြေဌာန၌ ကျောင်းသား/ ကျောင်းသူ (၃၁၄)ဦး ဖြေဆိုရန် စာရင်းပေးသွင်းထားရာ စာမေးပွဲဖြေဆိုသူ ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၂၈၇)ဦး ရှိရာ ၉၁ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးဌာနမှ သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာလုံခြုံရေးအဖွဲ့များ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ မီးသတ်/ကြက်ခြေနီတို့မှ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ပညာရေးဌာနမှ တာဝန်ရှိသူများနှင့် တာဝန်ကျ ဌာနဆိုင်ရာအကြီးအကဲများက အတွင်းစည်း/ အပြင်စည်းတို့ဖြင့် စနစ်တကျ ဆောင်ရွက်ပေးကြကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)