မြစ်ကြီးနား ဧပြီ ၆
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဆဋ္ဌမနေ့အဖြစ် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ စာစစ်ဌာနအသီးသီးတွင် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ယနေ့ နံနက် (၉)နာရီက အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
အဆိုပါ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုသည့် စာစစ်ဌာန (၁၀)ခုရှိပြီး ဆဋ္ဌမနေ့မြောက် ဖြေဆိုသည့် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ကျောင်းသား/သူ စုစုပေါင်း (၂၅၄၀)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်းနှင့် စာစစ်ဌာန (၁၀)ခုရှိသည့်အနက် စာစစ်ဌာန(၁) အ-ထ-က (၁)ကျောင်းတွင် (၄၁၅)ဦး ဝင်ရောက်ဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခရိုင်(ပြန်/ဆက်)