ဝါးခယ်မမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ ၆၆/၆ နှင့်ပတ်သက်၍ အသိပေးထုတ်ပြန်ချက်အား Talk Show ဆောင်ရွက်

ဝါးခယ်မ နိုဝင်ဘာ ၃

ဝါခယ်မမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်တွင် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ ၆၆/၆ နှင့်ပတ်သက်၍ အသိပေး ထုတ်ပြန်ချက်အား ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၌ Talk Show ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ရီရီလွင်မှ နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ ၆၆/၆ နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရန် လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး ဦးစီးမှူးဦးကျော်စိုးမှ နိုင်ငံသားစိစစ်ရေးကတ် ပျက်စီး/ ပျောက်ဆုံးသူများသည် သက်ဆိုင်ရာ မြို့နယ်လဝကရုံးသို့သတင်းပို့ဖြေရှင်းရန်၊ အသက် (၁၀)နှစ်ပြည့်ပြီးသော်လည် နိုင်ငံသားစိစစ်ရေးကတ် မပြုလုပ်ရသေးသော်သူများသည် သက်ဆိုင်ရာမြို့နယ် လဝကရုံးများတွင် သွားရောက်ပြုလုပ်ရန်၊ အသက်(၁၀)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပြီးသော်လည် သတ်မှတ်ထားသော အသက်အပိုင်းအခြားအတိုင်း ပြန်လည်လဲလှယ်ရန်၊ နိုင်ငံသားစိစစ်ရေးကတ်ပါ အချက်အလက်များ ကွဲလွဲမှုရှိပါက သက်ဆိုင်ရာမြို့နယ် လဝကရုံးများတွင် သွားရောက်ပြင်ဆင်ရန်၊ နိုင်ငံသားစိစစ်ရေးကတ် တစ်ခုထက်ပို၍ လက်ဝယ်ကိုင်ဆောင်ထားရှိခြင်းမပြုရ၊ အမျိုးသားမှတ်ပုံတင် သက်‌သေခံကတ်ပြား (အမတ)ကိုင်ဆောင်ထားသူများသည် သက်ဆိုင်ရာမြို့နယ် လဝကရုံးများတွင် သွားရောက်၍ နိုင်ငံသားစိစစ်ရေးကတ်သို့ ပြောင်းလဲရမည် (ပြောင်းလဲခွင့်ရှိသူများသာ)၊ မိမိနိုင်ငံသား စိစစ်‌ရေးကတ်အား အခြားသူတစ်ဦးမှ ကိုင်ဆောင်ထားသည်ဟု သံသယရှိပါက သက်ဆိုင်ရာမြို့နယ် လဝကရုံးများတွင် သွားရောက်သတင်းပို့ရန်၊ ပုံစံ ၆၆/၆ ပျက်စီးပျောက်ဆုံးသူများသည် သက်ဆိုင်ရာမြို့နယ် လဝကရုံးများသို့ သွားရောက်၍ သတင်းပို့ဖြေရှင်းရန်၊ ပုံစံ ၆၆/၆ တွင်ပါဝင်သော အိမ်ထောင်စုဝင်များသည် နိုင်ငံသားစိစစ်ရေးကတ်ရရှိပါက နိုင်ငံသားစိစစ်ရေးကတ်အမှတ်အား မြို့နယ်လဝကရုံးများတွင် မဖြစ်မနေ ဖြည့်သွင်းရန်၊ ပုံစံ ၆၆/၆ အချက်အလက်များနှင့် နိုင်ငံသားစိစစ်ရေးကတ်ပါ အချက်အလက်များ ကွဲလွဲနေပါက သက်ဆိုင်ရာမြို့နယ် လဝကရုံးများတွင် သွားရောက်ပြင်ဆင်ရန်၊ ပုံစံ ၆၆/၆ တစ်ခုထက်ပို၍ လက်ဝယ်ကိုင်ဆောင် ထားသူများသည် သက်ဆိုင်ရာမြို့နယ် လဝကရုံးများသို့ အမြန်သွားရောက်သတင်းပို့ ဖြေရှင်းရန်၊ ပုံစံ ၆၆/၆ အချက်အလက်များ (ပြောင်းဝင်/ ပြောင်းထွက်/ မွေးဖွား/ သေဆုံးခြင်း) ပြောင်းလဲမှုရှိသည့်အခါတိုင်း သက်ဆိုင်ရာမြို့နယ် လဝကရုံးများသို့ သွားရောက်၍ နောက်ဆုံးအခြေအနေနှင့်အညီ ပြင်ဆင်မှုများကို ဆောင်ရွက်ရန်၊ မည်သည့်အရပ်ဒေသတွင်းမှ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ ၆၆/၆ မရှိသေးသူများသည် နီးစပ်ရာမြို့နယ် လဝကရုံးများသို့ သတင်းပို့၍ ပန်းခင်းစီမံချက်အရ စီစစ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အသိပေးကြော်ငြာထားရှိကြောင်း သိရသည်။

ဟိန်းထက်လင်း (ပြန်/ဆက်)