တန့်ယန်းမြို့နယ်တွင် ပြည်သူများသို့အသိပေးထုတ်ပြန်ချက်ဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ

တန့်ယန်း နိုဝင်ဘာ ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားဆိုင်ရာ ပြည်သူများသို့အသိပေးထုတ်ပြန်ချက်နှင့် ပတ်သက်၍ အသိပညာပေး Talk Show ဆွေးနွေးပွဲကို နိုဝင်ဘာလ ၂ ရက် မွန်းလွဲညနေပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ကျင်းပခဲ့သည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းအိအိဖြူက အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအမ်ဇော်နော်က  အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားဆိုင်ရာ ပြည်သူများသို့ အသိပေးထုတ်ပြန်ချက်နှင့် ပတ်သက်သည့် သိကောင်းစရာများကို မြန်မာဘာသာ၊ ရှမ်းဘာသာတို့ဖြင့် အသိပညာပေး ဆွေးနွေးခဲ့သည်။

အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးမှုများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အများပြည်သူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ We Love Tangyan, Facebook Page မှတဆင့် ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။          

မင်းလွင်ဦး(ပြန်/ဆက်)