မြင်းမူ နိုဝင်ဘာလ ၃
မြင်းမူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနတို့ ပူးပေါင်း၍ “ရေချိုသယံဇာတကဏ္ဍ၏အရေးပါပုံ” အသိပညာပေး Talk Show ကျင်းပခြင်းကို နိုဝင်ဘာလ (၃) ရက်၊ နံနက်ပိုင်းက မြင်းမူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အသိပညာပေး Talk Show ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနေလင်းအောင်က Talk Show ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ဆွေးနွေးပြောကြားခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးမှူး ဦးဇင်ကိုကိုမင်းက ရေသယံဇာတတွေဟာ လူသားတွေအပါအဝင် သက်ရှိတွေအတွက် အလွန်အရေးပါကြောင်း၊ ရေချိုသယံဇာတ ရှားပါးလာရခြင်း၏ အကြောင်းရင်းများ၊ ရေချိုသယံဇာတတွေကို ထိန်းသိမ်းဖို့ ရေကိုဘယ်လိုချွေတာ သုံးစွဲသင့်ကြောင်း၊ ဘာကြောင့်ရေကို ချွေတာသုံးစွဲရသလဲဆိုသည့် အကြောင်းအရာများကို ဦးဆောင်ဆွေးနွေး ပြောကြားခဲ့သည်။
မြင်းမူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ အသိပညာ ဗဟုသုတများရရှိစေရန် Talk Show များဆောင်ရွက်ခြင်း၊ စာဖတ်ဝိုင်းများ၊ စာအုပ်ပြပွဲများ ဆောင်ရွက်ခြင်း၊ သုတ/ ရသစာအုပ်၊ စာစောင်များ အခမဲ့ ငှားရမ်းပေးခြင်း၊ ကလေးငယ်များအတွက် ပြပွဲ/ ပြိုင်ပွဲများကို အခါအားလျော်စွာ ကျင်းပပေးခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်)