တန့်ယန်းခရိုင်တွင် (၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲကျင်းပ

တန့်ယန်း နိုဝင်ဘာ ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင်  ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် (၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက အောင်သံလွင် ဂေါက်ကလပ်၌ ကျင်းပသည်။

အဆိုပါ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲသို့ နယ်မြေခံတပ်နယ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်သူဝင်းနှင့် အရာရှိကြီးများ၊ ခရိုင်နှင့် မြို့နယ်တို့မှ တာဝန်ရှိဌာနဆိုင်ရာ အကြီးအကဲများ၊ ဂေါက်သီးရိုက်ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြကာ တန့်ယန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်က ပြိုင်ပွဲအား Smoke Golf Ball ဂေါက်သီးရိုက်၍ ဖွင့်လှစ်ပေးပြီး ပြိုင်ပွဲဝင်အားကစားသမားများက ယှဉ်ပြိုင်ကြကြောင်းနှင့် ဆုချီးမြှင့်ပွဲကို ညနေပိုင်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။                                                                                             

မင်းလွင်ဦး(ပြန်/ဆက်)