တန့်ယန်းမြို့နယ်တွင် မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက် အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူ

တန့်ယန်း နိုဝင်ဘာ

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဆောင်ရွက်လျက် ရှိသော နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ၆၆/၆(အထစ)နှင့် ပတ်သက်၍ အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိရန်အတွက် အသိပညာပေးလုပ်ငန်းဖြစ်သည့် မြေစိုက်ပိုစတာ စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ကြ သည်။

အဆိုပါ အသိပညာပေး မြေစိုက်ပိုစတာ စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးနိုင်နှင့် တာဝန်ရှိသူများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးအရာရှိ ဦးအမ်ဇော်‌နော်နှင့် ဝန်ထမ်းများက မြေစိုက်ပိုစတာစိုက်ထူခြင်းကို အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့၊ အမှတ်(၄) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့တို့တွင်လည်းကောင်း၊ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို လူစည်ကားရာ အမှတ်(၃) ရပ်ကွက် ဗိုလ်ချုပ်လမ်းမကြီး၌လည်းကောင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)