ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက Mobile library စနစ်ဖြင့် အခမဲ့ငှားရမ်းပေး

မင်းပြား နိုဝင်ဘာ   ၂

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများက ဌာနဆိုင်ရာဝန်ထမ်းများနှင့်ပြည်သူလူထုအား အသိပညာဗဟုသုတတိုးပွားစေ‌ရေးအတွက် စာအုပ်စာစောင်များငှားရမ်းနိုင်ရန် Mobile libraryကို ယနေ့ နေ့လယ်၁ နာရီအချိန်က မင်းပြားမြို့နယ်မြန်မာ့ဖွံ့ဖြိုးရေးဘဏ်၌  စာအုပ်စာစောင်များကိုအခမဲ့ငှားရမ်းပေးလျက်ရှိသည်။

Mobile libraryကွင်းဆင်းဆောင်ရွက်ရာတွင်မင်းပြားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီမှူး ဒေါ်ခင်နီနီလွင် နှင့်ရုံးဝန်ထမ်းများက စာအုပ်စာစောင်များကို  အလွယ်တကူလေ့လာဖတ်ရှုနိုင်စေရန်  စာဖတ်စွမ်းရည်မြင့်မားလာစေရန်နှင့်  အသိပညာဗဟု သုတများရရှိ စေရန်ရည်ရွယ်ပြီး သုတစာအုပ်များ၊ မဂ္ဂဇင်း၊ ရုပ်ပြဝတ္ထုစသည့်စာအုပ်ပေါင်း (၁၀၀)  ကျော်ဖြင့် မင်းပြားမြို့နယ်မြန်မာ့ဖွံ့ဖြိုးရေးဘဏ် ရုံးဝန်ထမ်းများအား အခမဲ့ငှားရမ်းပေးခဲ့သည်။ ထိုသို့ ဦးစီးဌာရုံးများသို့  Mobile library  ဖြင့်ကွင်းဆင်းဆောင်ရွက်ခြင်းကို    အပတ်စဉ်ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

သိန်းနုအောင်