အမာမြို့၌ အသက်(၅)နှစ်မှ အသက်(၁၁)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

အမာ နိုဝင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ အသက်(၅)နှစ်မှ (၁၁)နှစ်အထိ ကျောင်းသား၊‌ ကျောင်းသူများအား ကိုဗစ်-၁၉ ‌ရောဂါ ကာကွယ်ဆေးများ ပထမအကြိမ်အဖြစ် ထိုးနှံပေးခြင်းကို အမာ အထကကျောင်းတွင် ယနေ့ နံနက် (၁၀)နာရီအချိန်က ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးရသေးသော အသက်(၅)နှစ်မှ အသက်(၁၁)နှစ်အထိ ‌ ကျောင်းသား၊‌ ကျောင်းသူ(၈၀)ဦးကို ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများမှာ အမာအထက ကျောင်း၊ လေးပင်ချောင်‌ကျေးရွာ၊ အောက်ဆိပ်ကွင်းကျေးရွာ၊ အောင်ကုန်းကျေးရွာ၊ ကမ်းနားကွင်း‌ ကျေးရွာ၊၊ ကံကြီးဘအေးကျေးရွာ၊ ဘဝသစ်(၂)ကျေးရွာ၊ ဘဝသစ်(၃)ကျေးရွာများရှိ ကျောင်းများတွင် တက်ရောက်နေကြသော ကျောင်းသားကျောင်းသူများ ဖြစ်ကြောင်းနှင့် ကာကွယ်ဆေးတစ်လုံးလျှင် ကျောင်းသား၊ ကျောင်းသူ(၁၀)ဦး ကို  ထိုးနှံပေးကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် အမာမြို့၊ ကျေးလက်ကျန်းမာရေးဌာန၊ တာဝန်ခံ ဆရာမ ဒေါ်ခင်ချောစုထွေးနှင့် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေး ထိုးနှံ‌ပေးခြင်း၊ ကျောင်းသား၊ ကျောင်းသူများ စာရင်းကောက်ယူခြင်း၊ သွေးပေါင်ချိန်‌ပေးခြင်း လုပ်ငန်းများဆောင်ရွက်ပြီး ပညာရေး ဌာနမှ ဆရာ၊ ဆရာမများ၊  တာဝန်ရှိသူများ၊ မိဘအုပ်ထိန်းသူများက စနစ်တကျဆေးထိုးနိုင်ရန် လိုအပ် သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အမာ (ပြန်/ဆက်)