တောင်ဥက္ကလာပ နိုဝင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာပေချစ်မြတ်နိုးသူများ(Book Club)တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် တန်ဆောင်မုန်းလပြည့်နေ့အကြောင်း သိကောင်းစရာ အသိပညာပေး(Talk Show)ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။
အသိပညာပေး(Talk Show)ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ခင်ဆွေနှင်းက တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့ ဖြစ်ပေါ်လာပုံအကြောင်း၊ တန်ဆောင်မုန်းလ၌ မည့်သည့်ပွဲတော်များ ကျင်းပကြသလဲ၊ ကထိန်ခင်းခြင်းအားဖြင့် ရရှိနိုင်သည့်အကျိုး ကျေးဇူးများကို မေးမြန်းဆွေးနွေးခဲ့ရာ စာအုပ်စာပေချစ်မြတ်နိုးသူ(Book Club)အဖွဲ့ဝင်စာရေးဆရာမအေးချမ်းအိမ်က အသေးစိတ်ဆွေးနွေးပေးခဲ့သည်။
တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ ဗဟုသုတများရရှိစေရန် လစဉ်အသိပညာပေး (Talk Show)ဆွေးနွေးပွဲများ ရိုက်ကူးပြီး အွန်လိုင်းမှတဆင့် ထုတ်လွှင့်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)