ဟိုပန် နိုဝင်ဘာ ၃
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပြင်ပဗဟုသုတများကြွယ်ဝစေရန် ရည်ရွယ်၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာနှင့် အမျိုးသားအောင်ပွဲနေ့ဆိုင်ရာများ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီက အမက(မန်ကောင်း)နှင့် မူလွန်(ရုံးကုန်း) စာသင်ကျောင်းများ၌ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ခဲ့သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇင်ဇင်သန့်က(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် အမျိုးသားရေးစိတ်ဓာတ်များကိုလည်းကောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဦးစောရန်အောင်နှင့် ဒုတိယဦးစီးမှူး ဦးအောင်ထွန်းအေးက ရေဘေး၊ မီးဘေး၊ လေဘေးနှင့် ငလျင်ဘေးအန္တရာယ်များ ကျရောက်လာပါက လုပ်ဆောင်ရမည့်နည်းလမ်း၊ ရှောင်ရှားရမည့်နည်းလမ်းဆိုင်ရာများကိုလည်းကောင်း အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ကြသည်။
ဟောပြောပွဲအပြီးတွင် ကျောင်းသား/သူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထုတ်ဝေသော သဘာဝဘေး(၈)မျိုးပါဝင်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)