သာစည် နိုဝင်ဘာ ၄
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် အခြေခံပညာကျောင်းအုပ်ကြီးများ ပညာရေးစီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲသင်တန်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပညာရေးမှူးရုံး၌ ဆက်လက်ပို့ချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ သင်တန်းတွင် သာစည်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်း ၂၁၂ ကျောင်းတို့မှ ကျောင်းအုပ်ကြီးများ တက်ရောက်ကြပြီး သင်တန်းနည်းပြလေးဦးတို့က စီမံ/ဘဏ္ဍာဘာသာရပ်နှင့် ပညာဘာသာရပ်တို့ကို ပို့ချပေးပြီး သင်တန်းသားများနှင့် အပြန်အလှန် ဆွေးနွေးကြကြောင်း သိရသည်။
အလုပ်ရုံဆွေးနွေးပွဲသင်တန်းကို နိုဝင်ဘာ ၃ ရက်နှင့် ၄ ရက်တို့တွင် နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ နှစ်ရက်ကြာ ပို့ချဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)