တမူးမြို့တွင် အ​ခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေး ဆက်လက် ရောင်းချပေး

တမူး နိုဝင်ဘာ ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် ဒေသခံ ပြည်သူများအား နေ့စဉ်လူမှုဘဝ စားသောက်ရေးတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ စော်ဘွားရပ်ကွက်တွင် အခြေခံစားသောက်ကုန်များအား ယနေ့နံနက် (၈) နာရီ အချိန်မှစ၍ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ရောင်းချရာတွင် စျေးလာဝယ်ကြသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်​ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ လိုက်နာမှု ရှိစေရေးအတွက် နှာခေါင်းစည်း (mask)များ ဖြန့်ဝေပေးခဲ့ကြပြီး ပြည်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရေးတို့အတွက် ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်အံ့မောင်၊  မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​အောင်ကျော်မိုးနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များမှ ကြီးကြပ်ကူညီဆောင်ရွက်ပေးခဲ့ပြီး အိမ်ထောင်စု တစ်စုအတွက်  ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ နှင့် ဟင်းသီး ဟင်းရွက်များပါ အခြေခံစားသောက်ကုန် (၆)မျိုးကို  အိမ်ထောင်စု (၃၀၀) စုတို့အား ပြင်ပပေါက်စျေးထက် ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူး ရောင်းချပေးခဲ့သဖြင့် ဝယ်ယူသူ အိမ်ထောင်စုများကလည်း ဝမ်းမြောက်လျက် ရှိကြကြောင်း သိရသည်။

ရတနာ