လှည်းကူးမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌တန်ဆောင်မုန်းလပြည့်နေ့အကြောင်း အသိပညာပေး Talk Show ဆွေးနွေးပွဲ ဆောင်ရွက်

လှည်းကူး  နိုဝင်ဘာ  ၄

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ သာမညဖလအခါတော်နေ့ တန်ဆောင်မုန်းလပြည့်နေ့အကြောင်း အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးအေးနွဲ့က ပြည်သူများအနေဖြင့် သာမညဖလအခါတော်နေ့ တန်ဆောင်မုန်းလပြည့်နေ့အကြောင်း အသိပညာဗဟုသုတရရှိရန် ရည်ရွယ်၍ Talk Show ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးကျော်မင်းညွှန့်က သာမညဖလအခါတော်နေ့ တန်ဆောင်မုန်းလပြည့်နေ့ဖြစ်ပေါ်လာပုံအကြောင်း၊ တန်ဆောင်မုန်လတွင် ကျင်းပသည့်ပွဲတော်များနှင့် ကထိန်သင်္ဃန်း ဆပ်ကပ်လှူခြင်းဖြင့် ရရှိသည့်အကျိုးကျေးဇူးများအကြောင်းကို ဆွေးနွေးခဲ့ကြောင်းသိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)