ကြံခင်း နိုဝင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ စေတနာရှင်ပရဟိတအဖွဲ့များကို တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ Volunteer စိစစ်ရေး ကတ်ပြားများပေးအပ်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက ကြံခင်းမြို့ ဧရာဦးခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်က အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ (တတိယလှိုင်း) ဖြစ်ပွားချိန် ပူးပေါင်းကူညီ ပေးသော စေတနာရှင် ပရဟိတအဖွဲများကို တိုင်းဒေသကြီးကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ Volunteer စိစစ်ရေးကတ်ပြားဖြင့် အသိအမှတ်ပြု ပေးအပ်ခြင်းဖြစ်ကြောင်း၊ ပရဟိတအဖွဲ့အစည်း များအနေဖြင့် ကိုဗစ်-၁၉ ရောဂါ (တတိယလှိုင်း) ဖြစ်ပွားစဉ်ကာလအတွင်း ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းတွင် တက်ညီလက်ညီ ပူးပေါင်းပါဝင် ပေးခဲ့ကြခြင်းအပေါ် လေးစားဂုဏ်ယူပါကြောင်း၊ မြို့နယ် အတွင်း ကိုဗစ်ကပ်ရောဂါကျရောက် ချိန်တွင် ကိုယ်ကျိုးစွန့် အများအကျိုး အနစ်နာခံ ကူညီသော စေတနာရှင်ပရဟိတအဖွဲ့အား ကျေးဇူးတင်ဂုဏ်ပြုပါကြောင်း ပြောကြားပြီးနောက် မြို့နယ်လူမှုဝန်ထမ်း ဦးစီးအရာရှိ ဒေါ်သီတာဦးက Volunteer စိစစ်ရေး ကတ်ပေးအပ်ခြင်းနှင့် ပတ်သက်ပြီး ပြောကြားသည်။
ထိုနောက် ကြံခင်းမြို့နယ်အတွင်းရှိ စေတနာရှင် (Volunteer) ပရဟိတအဖွဲ့(၁၁)ဖွဲ့အား Volunteer စိစစ်ရေးကတ်များကို တာဝန်ရှိသူအသီးသီးက ပေးအပ်ခဲ့ကြသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည်သိမ်းကျော်နှင့် တာဝန်ရှိသူများ၊ မြို့နယ်လူမှုဝန်ထမ်း ဦးစီး အရာရှိ ဒေါ်သီတာဦးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် စေတနာရှင် (Volunteer) အဖွဲ့ဝင်များ တတ်ရောက်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)