အလုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာအုပ်၊ စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြသ

အလုံ နိုဝင်ဘာ ၄

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အလုံခရိုင်၊ အလုံမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယနေ့ နံနက် ၁၀ နာရီက စာအုပ်၊ စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ပြုလုပ်ဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ပြသရာတွင်  ပြည်သူ့စာကြည့်တိုက်ရှိ စာအုပ်များအား သိရှိပြီး  လေ့လာဖတ်ရှုနိုင်နှင့် အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍  စာကြည့်တိုက်ရှိ သုတ၊ ရသ စာအုပ်၊ စာစောင် ၁၀၀ အုပ်နှင့် ကိုဗစ်-၁၉  အသိပညာပေး နံရံကပ်စာစောင်များကို ပြသရာ ပြည်သူများက စိတ်ပါဝင်စားစွာ လေ့လာ ကြည့်ရှုသည်။

အလုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြိုင်ပွဲများ၊ ပြပွဲများ၊ ဟောပြောပွဲများ၊ အသိပညာပေးဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တင်တင်ချို(ပြန်/ဆက်)