မိုင်းရယ်မြို့ လူထုအခြေပြုဗဟိုဌာနတွင်  နိုင်ငံသားစိစစ်ရေးကတ်၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့်ပတ်သက်၍ Talk show ပြုလုပ်

မိုင်းရယ် နိုဝင်ဘာ ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနတို့ပူးပေါင်း၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများ၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့်ပတ်သက်၍ အများပြည်သူသို့ အသိပေးချက်ဆိုင်ရာ Talk show ကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်သည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစိုးနိုင်က မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ထားသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ ၆၆/၆ (အထစ)နှင့်ပတ်သက်၍ မြို့နယ်လဝကရုံးသို့ လာရောက်ဖြေရှင်း ဆောင်ရွက်နိုင်ကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ခြင်း၊ ကိုင်ဆောင်ခြင်းနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ပုံစံ ၆၆/၆ အိမ်ထောင်စုလူဦးရေစာရင်း(အထစ)နှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်ရမည့်ကိစ္စရပ်များကို မြေပြင်ကွင်းဆင်း ဆောင်ရွက်နေမှုများ၊ ပြည်သူများ အချိန်မှီပြင်ဆင်ဆောင်ရွက်နိုင်ရန်အတွက် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အသံချဲစက်ဖြင့် လိုက်လံအသိပေးနှိုးဆော်နေမှုများကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်မာလာက ပြည်သူများ သိသင့်သိထိုက်သည့်မေးခွန်းများကို မေးမြန်းခြင်း၊ ပြန်လည်ဖြေကြားခြင်းများပြုလုပ်ခဲ့ပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)