သံတွဲ နိုဝင်ဘာ ၄
သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၉)နာရီက သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က အသိပညာပေး ဟောပြောပွဲများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူး ဒေါ်စိုးမြတ်သန္တာက ကလေးသူငယ်၏ အဓိပ္ပါယ်၊ ကလေးသူငယ်ဆိုင်ရာဥပဒေ၊ ကလေးသူငယ်များ၏ အခွင့်အရေး၊ ကလေးသူငယ် သင်တန်းကျောင်း သိကောင်းစရာ၊ ကလေးသူငယ်များ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်း ဆိုင်ရာများကို အကျယ်တဝင့် အသိပညာပေး ဟောပြောပြီး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြသည်။ အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ သံတွဲမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ဆရာမ (၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။
သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူ လူငယ်များ အသိပညာဗဟုသုတ မြင့်မားတိုးတက်စေရန် ရည်ရွယ်၍ သင်တန်းများ၊ ပြပွဲပြိုင်ပွဲများနှင့် အသိပညာပေး ဟောပြောပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။
ခရိုင် (ပြန်/ဆက်)