မိုင်းယောင်း နိုဝင်ဘာ ၄
(၁ဝ၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ နိုဝင်ဘာ ၄ ရက်က ခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူများက လာရောက်ကြည့်ရှုလေ့လာခဲ့သည်။
စာအုပ်စာစောင်ပြပွဲတွင် သုတ၊ ရသ စာအုပ်များ၊ မဂ္ဂဇင်းစာအုပ်မျိုးစုံ ခင်းကျင်းပြထားပြီး အမျိုးသားအောင်ပွဲနေ့ သမိုင်းအကျဉ်း၊ ၁၉၂၀ တက္ကသိုလ်အက်ဥပဒေ စသည့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်ရေး ကဗျာ၊ ပန်းချီ၊ ပိုစာတာ၊ ကာတွန်းများပါဝင်သော နံရံကပ်စာစောင်နှင့် မြို့နယ်အတွင်း ဒေသဖွံ့ရေးလုပ်ငန်းဆောင်ရွက်မှုမှတ်တမ်းဓါတ်ပုံများ ပါရှိသည့် ဓာတ်ပုံပြပွဲများကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း