ဒေါပုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရန်ကုန် နိုဝင်ဘာ

ဗိုလ်တေထာင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ကျောင်းသား/ ကျောင်းသူများ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရန်အတွက် အခြေခံပညာကျောင်းများရှိ ရေကြည်ရေသန့်ရှိနိုင်သည့် နေရာများတွင် အဘိတ်ဆေးများခတ်ခြင်း၊ ခြင်ဆေးမှုတ်ခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို တာဝန်ရှိသူများပူးပေါင်း၍ ယမန်​နေ့နံနက် ၉ နာရီအချိန်က ဗမာအေးရပ်ကွက်၊ အ..က() တွင် ကွင်းဆင်းရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အမှတ်() အခြေခံပညာမူလတန်းကျောင်းဝင်းအတွင်းရှိ ရေကြည် ရေသန့်သိုလှောင်ထားရှိရာ အုတ်ကန်များ၊ ရေအိုးများအတွင်း အဘိတ်ဆေးများခတ်ပေးခြင်း၊ စာသင်ခန်းများအတွင်း ခြင်ဆေးများမှုတ်ခြင်း၊ ရေဝပ်ရာ ပစ္စည်းအဟောင်းများအား စနစ်တကျ စွန့်ပစ်ခြင်း နေ့စဉ်ဘုရား ပန်းအိုးနှင့် အလှပန်းအိုးများလဲလှယ်ပေးရန် အသိပညာပေးခြင်းတို့အပြင် သွေးလွန်တုပ်ကွေးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေးလက်ကမ်းစာစောင်များကိုပါ ပြည်သူများထံ အခမဲ့ဖြန့်ဝေ ဆောင်ရွက်ပေးခဲ့ကြသည်။

သွေးလွန်တုပ်ကွေးရောဂါသည် ခြင်မှတစ်ဆင့်ကူးစက်ခံရပြီး အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နိုင်သည့် ရောဂါဖြစ်သဖြင့် ကျောင်းနေအရွယ်ကလေးများအား အဆိုပါရောဂါ မကူးစက်နိုင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနှင့် မြို့နယ်စည်ပင် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)